Afleveringen
-
မြန်မာနဲ့ ရုရှား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာ၊ အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်ဂိုဏ်းကွန်ရက် တကမ္ဘာလုံးကို ပျံ့နှံ့နေ၊ ပုလဲမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက် စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ရပါမယ်။
-
မြန်မာပြည်သူတွေနဲ့ရပ်တည်ကြောင်း ယူကေအစိုးရ သတင်းစကားပါး၊ စစ်ကောင်စီနဲ့ တရုတ်ဆက်ဆံရေး ICG သုံးသပ်ချက်ထုတ်ပြန်၊ Baltimore တံတားကို သင်္ဘောဝင်တိုက်မှု ဆက်လက်စုံစမ်း၊ ထိုင်းအကူအညီတချို့ ကရင်မြို့နယ် ၃ ခုရရှိ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
-
Zijn er afleveringen die ontbreken?
-
Baltimore မြစ်ဖြတ်တံတားကြီးပြိုကျလို့ ၇ ယောက်ပျောက်ဆုံး၊ လေကြောင်းအင်အားစစ်ရေးပြဖို့ စစ်ကောင်စီပြင်ဆင်၊ မော်လမြိုင်မြို့ အဝင်အထွက် လုံခြုံရေးတင်းကြပ်၊ စစ်ကိုင်းဒေသခံတွေ နယ်မြေရှင်းလို့ ထွက်ပြေးနေရ၊ တရုတ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ထောင်ဒဏ်တသက်ချခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
-
ရွေးကောက်ပွဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ မဖြစ်နိုင်လို့ စစ်ကောင်စီအကြီးအကဲပြောဆိုလိုက်တာ၊ မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ထိုင်းနိုင်ငံစတင်၊ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်တွေ ကချင်မှာ အပြင်းအထန် ခုခံ စတဲ့ သတင်းတွေအပြင် စီးပွားရေး၊ လူမှုရှုခင်း စတဲ့ အစီအစဉ်တွေကို နားဆင်ကြည့်ရှု့ရမှာပါ။
-
BURMA ACT အရ ပေးမဲ့ ဒေါ်လာ ၁၂၁ သန်းအကူအညီ မြန်မာနွယ်ဖွားများကြိုဆို၊ ၇၅နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့၊ အစ္စရေးကာကွယ်ရေး၀န်ကြီး ၀ါရှင်တန်ခရီးစဥ်စတင် စတဲ့ သတင်းတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု တို့ကို တင်ဆက်ထားပါတယ်။
-
မြန်မာအတွက်ပါတဲ့ အမေရိကန်အစိုးရအသုံးစရိတ် လွှတ်တော်အတည်ပြု၊ မော်စကို ကပွဲရုံတိုက်ခိုက်ခံရမှု ၁၁၀ ထက်မနည်းသေဆုံး၊ ရန်ကုန်စက်မှုဇုံ စက်ရုံဝန်ထမ်းထောက်ခံစာအတွက် စာရင်း စ ကောက်၊ လွတ်လပ်မှုထိခိုက်နိုင်တဲ့ဥပဒေ ဟောင်ကောင်မှာအသက်ဝင် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
-
ဂါဇာအပစ်ရပ်ရေး ကန် အဆိုပြုချက် လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်မည်၊ ဖယ်ခုံအနီးကဆေးရုံကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်၊ ထိုင်းဘက် ထွက်ပြေးသွားတဲ့ စစ်သား ၄၈ ဦး မြန်မာပြည်ပြန်ပို့ စတာတွေနဲ့ အပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ တို့ကို တင်ဆက်ပေးထားပါတယ်။
-
နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် ထိုင်းနိုင်ငံထဲ ထွက်ပြေး၊ မြစ်ကြီးနား၊ ဗန်းမော်လမ်းက စစ်ကောင်စီ စခန်းတွေ KIA တိုက်ခိုက်၊ အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်မှာ ရိုဟင်ဂျာ ၇၀ နီးပါးကို ကယ်ဆယ် စတာတွေအပြင် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း တင်ဆက်ထားပါတယ်။
-
ဒေါ်စုအိမ် လေလံဆွဲသူမရှိ၊ အစ္စရေးကို ပံပိုးမှုကြောင့် အိမ်ဖြူတော် Ramadan နဲ့ Eid ပွဲ မွတ်ဆလင်တွေ သပိတ်မှောက်မည်၊ ကျောက်မဲမှာ စစ်သားစုဆောင်းမယ့်အရေး စိုးရိမ်၊ မြန်မာ့အရေး အာဆီယံနဲ့ဗြိတိန် ပူးပေါင်းဆောင်ရွက်မည် စတာတွေနဲ့ အပတ်စဉ် အယ်ဒီတာနဲ့ဆွေးနွေးခန်း၊ Gen-Z ၊ အားကစားကဏ္ဍတို့ကို နားဆင်ရပါမယ်။
-
စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိုင်းနိုင်ငံထဲထွက်ပြေး၊ ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံတင်မိန့် ပြင်ဆင်မှုမရှိသေး စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
-
ဂါဇာဆေးရုံမှာ အစ္စရေးတပ်ဖွဲ့တွေ စစ်ဆင်ရေးစတင်၊ ရွေးကောက်ပွဲ အနိုင်ရသူအဖြစ် ရုရှားသမ္မတအောင်ပွဲခံ၊ မြန်မာ့အရေး ကြားဝင်ဖြေရှင်းဖို့ ထိုင်းအစိုးရကို လွှတ်တော်အမတ်တွေတိုက်တွန်း စတာတွေအပြင် သတင်းထောက်မှတ်စု၊ စီးပွားရေး၊ လူမှုရှုခင်း၊ သက်တံရောင် သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
-
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ထပ်မံဆွေးနွေးဖို့ပြင်ဆင်၊ မြန်မာသင်္ဘောသားတွေ ဆိုမာလီပင်လယ်ဓားပြလက်က လွတ်မြောက် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။
-
ဂါဇာအတွက် ရေကြောင်းကနေ အကူအညီရောက်ရှိ၊ Trump ကို ဒုသမ္မတဟောင်း Pence မထောက်ခံ၊ ရန်ကုန်မှာ သတ်မှတ်ဈေးအတိုင်း မရောင်းနိုင်ရင် ရွှေမရောင်းဖို့ သတိပေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
-
တောင်ကိုရီးယားက ဒီမိုကရေစီညီလာခံ ကန် နိုင်ငံခြားရေးဝန်ကြီးတက်မည်၊ လိုင်ဇာအနီးက ဘွမ်ရဲဘွမ် စခန်း KIA သိမ်း၊ မုံရွာ၊ စစ်မှုထမ်းနိုင်သူ စာရင်း စစ်ကောင်စီကောက်နေ စတာတွေနဲ့ အပတ်စဉ် အမျိုးသမီး၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့ နည်းပညာ တို့ကို တင်ဆက်ပေးထားပါတယ်။
-
ဂါဇာမှာ အရပ်သားတွေ ဦးစားပေးကာကွယ်ဖို့ အစ္စရေးကို ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း၊ ပဋိပက္ခတွေကြောင့် မြန်မာနဲ့ နိုင်ငံတချို့မှာ ဖွံ့ဖြိုးမှုနောက်ကျနေကြောင်း ကုလအစီရင်ခံစာထုတ်ပြန် စတာတွေအပြင် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း တင်ဆက်ထားပါတယ်။
-
ပါတီတွင်းရွေးကောက်ပွဲ သမ္မတ Biden နဲ့ သမ္မတဟောင်း Trump တို့ ထပ်အနိုင်ရ၊ လိုင်ဇာအနီး တိုက်ပွဲပြင်းထန်နေ၊ မြင်းခြံက ကျေးရွာတချို့ မီးရှို့ခံရ၊ တရားရုံးရဲ့ လေလံတင်အမိန့် ဒေါ်စု ရှေ့နေတွေ ပြင်ဆင်ချက်တင်သွင်း စတာတွေနဲ့ အပတ်စဉ် အယ်ဒီတာနဲ့ဆွေးနွေးခန်း၊ Gen-Z နဲ့ အားကစားကဏ္ဍတို့ကို တင်ဆက်ပေးထားပါတယ်။
-
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၈၀ ခန့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး၊ စစ်ကောင်စီ ဖလူးစခန်းကို သိမ်းပိုက်လိုက်ကြောင်း KNU ပူးပေါင်းတပ်ဖွဲ့ ကြေညာ စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
-
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းပိုက်နိုင်ကြောင်း KIA ကြေညာ၊ မြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းလုံခြုံရေးတင်းကြပ်၊ စစ်မှုထမ်းဥပဒေအပေါ် NUG ဝန်ကြီးတဦးရဲ့ သုံးသပ်ချက် စတာတွေအပြင် စီးပွားရေးနဲ့ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
-
ဂါဇာဒေသ ယာယီဆိပ်ခံဆောက်လုပ်ရေး ပစ္စည်းတွေ အမေရိကန်ပေးပို့၊ ကရင်နီဒေသ ဖားဆောင်းမြို့မှာ တိုက်ပွဲဆက်လက်ပြင်းထန် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။
-
ရခိုင်လူငယ်တချို့ ရန်ကုန်လေဆိပ်မှာ အဖမ်းခံရ၊ ဂါဇာကို အကူအညီတွေပို့နိုင်ဖို့ ပရဟိတအဖွဲ့တွေကြိုးစား၊ ဟူသီတိုက်ခိုက်ရေး ဒရုန်းတွေ ကန်ပစ်ချဖျက်ဆီး၊ ရုရှားနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေး မဆွေးနွေးလို့ ယူကရိန်းပြော စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
- Laat meer zien