Afleveringen
-
ဒီတပတ် စနေစကားဝိုင်းမှာ စောချစ်သူ ပဲ ဆက်လုပ်မယ်ဆိုတာ ကရင်အချင်းချင်းပြန်ပစ်ဖို့လားနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရော သတင်းလွတ်လပ်ခွင့် အာမခံမှာလား စတဲ့ အကြောင်းတွေ ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။
-
Zijn er afleveringen die ontbreken?
-
စစ်ခေါင်းဆောင်နဲ့ ဒုစစ်ခေါင်းဆောင်တို့ကြားက ပိုမိုပြင်းထန်လာတဲ့ အကွဲအပြဲ၊ အာဏာလုဖို့ ကြံစည်လို့ ဖမ်းဆီးခံလိုက်ရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ခေါင်းဆောင်တွေ သွားလေရာ ဘေးထိနေပြီလား၊ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်း မြဝတီကို ရောက်နိုင်မလား စတဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပြီ။
-
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပြောင်းအရွှေ့သတင်းမှားကို စစ်ကောင်စီ ဘာကြောင့်ထုတ်လာသလဲနဲ့ တနိုင်ငံလုံးရဲ့ စစ်ပွဲချိန်ခွင်လျှာကို မြဝတီတိုက်ပွဲက ပြောင်းပစ်နိုင်တယ် စတဲ့အကြောင်းတွေ ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။
-
နေပြည်တော် အေလာ လေဆိပ်တိုက်ခိုက်ခံရမှု အပါအဝင် ယောယုံ၊ စိန်လုံတို့လို စခန်းကြီးတွေကို သိမ်းပိုက်လိုက်နိုင်ခြင်းက KIA အတွက် စစ်ရေးအရ ဘယ်လိုအားသာချက်တွေ ရှိလာနိုင်မလဲ၊ ပြည်သူလူထုရဲ့ အိုးအိမ်တွေကို တွေ့ကရာ တံဆိပ်ကပ် စွပ်စွဲပြီး မတရားချိတ်ပိတ်ခဲ့တဲ့သူတွေ လွယ်ဂျယ်မှာ ဝဋ်လည်နေပြီ စတဲ့ CDM ဗိုလ်ကြီး ထက်မြတ်ရဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဥ်မှာ နားဆင်နိုင်ပါပြီ။
-
ဒီတပတ် စနေသတင်းစကားဝိုင်းက နယ်စပ်မှာ စစ်ရေးလေ့ကျင့်ပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင် အသစ်ရော အဟောင်းရောတွေနဲ့ပါ သွားတွေ့ခဲ့တဲ့ တရုတ်နိုင်ငံဟာ မြန်မာပြည်က စစ်ပွဲတွေ ရပ်ဖို့ ဖိအားပေးနေတာကြောင့် လတ်တလော ရခိုင်နဲ့ ကချင်က စစ်ဆင်ရေးတွေ ရပ်သွားမလား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဂွင်ပျက်လို့ အသစ်ပြန်ဖွဲ့တဲ့ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ရဲ့ ခြေလှမ်းတွေ ဘာလဲ ဘယ်လဲ စတဲ့အကြောင်းတွေ ဆွေးနွေးသုံးသပ်ထားပါတယ်။
-
ဒီတပတ်စနေသတင်းစကားဝိုင်းမှာ ဗေဒင်ယတြာများကြားက တပ်မတော်နေ့ စစ်ရေးပြပွဲနဲ့ မိသားစုအတွင်းရေးထက် ကျော်လွန်နေတဲ့ ခြံအမှတ် ၅၄ အကြောင်းတွေ ဆွေးနွေးသုံးသပ်ထားတာ နားဆင်နိုင်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။Support The Irrawaddy: https://bit.ly/3btQYpR
-
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်းအစီအစဉ်မှာတော့ "စစ်တပ်ကို အပြတ်ချေမှုန်းမလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခနဲ့ အယ်ဒီတာချုပ် အောင်ဇော် တို့က ဆွေးနွေးထားပါတယ်။
-
ကရင်နဲ့ ကချင်ဘက်က စစ်ရေးအခြေအနေတွေ အပါအဝင် ၅ မိနစ်နဲ့ KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ကရင်ပြည်နယ်က ဖလူး မဆုတ်တမ်းခံစစ်စခန်းဆိုတာ ဘယ်လိုစခန်းမျိုးလဲ၊ ဘယ်လောက်ထိအရေးပါလဲ စသဖြင့် CDM ဗိုလ်ကြီး ထက်မြတ်ရဲ့ ပြောပြချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
-
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အမျိုးသမီး အယ်ဒီတာတွေ ဆွေးနွေးထားတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် စကားဝိုင်းနဲ့ ထိုင်းပါလီမန်ရဲ့ ပထမဆုံး မြန်မာ့အရေး ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတွေနဲ့ စကားဝိုင်း ၂ ဝိုင်း နားဆင်နိုင်ပါတယ်။
-
ဖေဖော်ဝါရီ ၂၉ ရက်တုန်းက ပျက်ကျခဲ့တဲ့ MiG29 လေယာဉ်အကြောင်း အပါအဝင် လေတပ်စခန်းဌာနချုပ်တွေနဲ့ ဘယ်လေတပ်စခန်းက ဘယ်ဒေသတွေကို ဗုံးကြဲတိုက်ခိုက်နေလဲ၊ စက်ချို့ယွင်းမှုဖြစ်ပြီး ပျက်ကျမှုတွေ မကြာခဏ ဘာကြောင့်ဖြစ်နေလဲ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
- Laat meer zien