Afleveringen
-
ဇွန်လ ၂၀ ရက်၊ စနေနေ့ ညပိုင်း ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ်
- ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားသရွေ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်က ရှေ့တိုးနိုင်မှာ မဟုတ် - ကုလ အထူးကိုယ်စားလှယ် - ဂျာမနီက ဓာတု စက်ရုံဝင်းတခု မှာ အဆိပ်ပြင်းတဲ့ ဖော့စ်ဂျင်း ဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်၊ အလုပ်သမား ၂၅ ယောက် ဆေးရုံပို့ထားရ
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -https://www.bbc.com/burmese/bbc_burmese_radio/liveradio-----ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j-----ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ
လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။
ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။
ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။
လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့
Satellite Thaicom 6
Orbital position 78.5° East
Frequency 12687MHz
Polarisation Vertical
Symbol rate 30.000Msym/s
FEC 5/6Modulation DVB-S
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
-
- အစ္စရေးနဲ့ ဟစ်ဇဘိုလာကြား အပစ်ရပ်ရေး သဘောတူညီချက် ရသွားပြီ။ - အမေရိကန်ဟာ နာဇီတွေနဲ့ ဆက်ဆံနေတယ်လို့ အစ္စရေးက လက်ယာစွန်းဝါဒီ လုံခြုံရေး ဝန်ကြီး ဘန်ဂဗီယာ က စွပ်စွဲပြောကြားသလို ဒေါ်နယ်ထရမ့် တယောက်ကသာ အစ္စရေးဘက် ကလည်းပြီး ဖေးမကူညီကာ လက်နက် ထောက်ပံ့ပေးနေတာလို့ အစ္စရေး ခေါင်းဆောင်တွေကို မစ္စတာဗန့်စ်က သတိပေး။ - အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီအပေါ် သမ္မတ ထရမ့်က အထင်သေးဖွယ် မှတ်ချက်များ ပြောကြားခဲ့တယ်လို့ ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာယာနီက အခု သီတင်းပတ်ကုန်မှာ သွားရောက်မယ့် သူ့ရဲ့ အမေရိကန် ခရီးစဉ်ကို ဖျက်သိမ်း။ - အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးက သူတို့လေတပ်ဟာ ပါကစ္စတန်မှာ ပုန်းအောင်းနေတဲ့ သူ့အဆိုအရ အစ္စလာမ်ဝါဒီ စစ်သွေးကြွတွေကို မနေ့တညလုံး တိုက်ခိုက်ခဲ့တယ်လို့ ပြော။ - Doctors Without Borders က ဝန်ထမ်းတွေနဲ့ အမြဲမဟုတ်တဲ့ဝန်ထမ်းတွေအပေါ် စွပ်စွဲချက် ၅၉ ခုကို စစ်ဆေးခဲ့ပြီးအဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို လိင်ဆက်ဆံဖို့ အစားအစာပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပါဝင်တယ်လို့ ပြော။ - အိန္ဒိယမှာ ဆေးပညာဝင်ခွင့် အရေးကြီးစာမေးပွဲ မတိုင်ခင် Telegram မက်ဆေ့ချ် အက်ပ်ကို ယာယီပိတ်ပင်ထားဖို့ အစိုးရအမိန့်ကို ပယ်ဖျက်ပေးပါလို့ Telegram က တင်သွင်းတဲ့ အယူခံကို မြို့တော် ဒေလီက တရားရုံးတစ်ရုံးက ပယ်ချ။- ဗြိတိန်မှာ တိရစ္ဆာန်ရုံက မိကျောင်းလှောင်အိမ်ထဲရောက်သွားတဲ့ သုံးနှစ်အရွယ် ကလေးတယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် လူသတ်ဖို့ ကြိုးပမ်းတဲ့ သံသယနဲ့ ဖမ်းထားတဲ့ အမျိုးသားကို အာမခံနဲ့ လွှတ်ပေးလိုက်ပြီလို့ ရဲက ပြောတဲ့ အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -https://bbc.in/2TSNLYZ-----ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
-
Zijn er afleveringen die ontbreken?
-
- စစ်မှုထမ်းဖို့ အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်တာတွေရှိသလို ပေါ်တာဆွဲခံရတာတွေ အပြင် လိုအပ်ချက်ရှိတဲ့ မြို့နယ်တွေဆီ အာဏာပိုင်တွေချင်း ညှိပြီး တပ်သားသစ် စုဆောင်းရေး တပ်တွေဆီ ပို့ဆောင်တာတွေရှိနေတဲ့ အပြင် ရန်ကုန်မှာ အမျိုးသမီးတစ်ဦး စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီး သင်တန်းပို့ဆောင်ခံရ။- အီရန်နဲ့ အမေရိကန် စစ်ပွဲအဆုံးသတ်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ပြီးနောက် ဟောမုဇ်ရေလက်ကြားကို ရေနံတင်သင်္ဘော လေးစင်းထက်မနည်းဖြတ်။ - နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစိမ်းဈေး ၃ ရာခိုင်နှုန်း ကျသွား ပေမယ့် အမေရိကန်မှာ ဝေဖန်မှုတွေ ရှိပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်တိုနီ ဘလင်ကန် က ဟောမုဇ် ရေလက်ကြားဟာ အရင်ကတည်းက ဖွင့်ထားပြီးသားဖြစ်ကြောင်း ထောက်ပြ။ - အမေရိကန်-အီရန်စာချွန်လွှာမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ အဆုံးသတ်ရမယ်လို့ ဆိုထားပေမယ့် လက်ဘနွန်မှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေ။ - ပိုလန်မှာ ရုပ်ပြောင်ကာတွန်းဆရာလည်းဖြစ် ရုရှားအစိုးရ ဆန့်ကျင်သူ Semyon Skrepetsky ဆင်မုန်း ဆခရီပတ်စကီး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ရုရှား တယောက်ကို ရဲက ဖမ်းဆီးလိုက်တယ်လို့ ဝန်ကြီးချုပ် ဒေါ်နယ်တုစ်ခ် ကပြော။ - အာဖဂန်နစ္စတန်မှာ အစိုးရဝန်ထမ်းတွေနဲ့ စစ်ဘက်ဝန်ထမ်းတွေ အလုပ်မှာ ဖုံးမသုံးရ တားမြစ်ပိတ်ပင်ချက် ဆယ်စုနှစ် တခုကြာ ချမှတ်ခဲ့ပြီးနောက် စမတ်ဖုန်းတွေကို လုပ်ငန်းခွင်ထဲ ယူခွင့်မပြုတော့ဘူးလို့ အစိုးရဝန်ထမ်းတွေက ဘီဘီစီကို ပြော။ - ပါပူဝါနယူးဂီနီမှာ ငါးမန်းတကောင် ရေထဲကထွက်ပြီး လမ်းလျှောက်နိုင်တဲ့ အတွက် ဒါကို ရေသတ္တဝါ မျိုးစိတ်သစ်တစ်ခုအဖြစ် ဖော်ထုတ်တွေ့ရှိခဲ့။- ဒေသတွင်းစစ်ပွဲတွေ တားဆီးဖို့ နိုင်ငံရဲ့စစ်ရေးစွမ်းရည် အားကောင်းဖို့ အရေးကြီးတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးShinjiro Koizumi ရှင်းဂျီရို ကိုအိဇုမိ ကပြောပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ ဒေသတွင်း တင်းမာနေတဲ့ အခြေအနေနဲ့ နိုင်ငံရဲ့ စစ်အင်အားက လိုက်လျောညီထွေရှိဖို့ လိုအပ်တယ်လို့ ထောက်ပြ။ - Women's Aid အဖွဲ့က လူထု အသိပညာပေးဖို့ ရည်ရွယ်ချက်နဲ့ မနေ့က အင်္ဂလန်နဲ့ ခရိုအေးရှား ပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် "The Other Kick Off" တခြားပုံစံနဲ့ကန်ကျောက်မှု လို့ အမည်ရတဲ့ အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့တဲ့ အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -https://bbc.in/2TSNLYZ-----ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
-
ဇွန်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ်
- ကျောင်းဖွင့်ရာသီမှာ ဆရာ၊ ဆရာမတွေကို လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်မှု တိုးလာနေ- အီရန် ရေနံတင် သင်္ဘော ၃ စင်း အမေရိကန်တို့ ပိတ်ထားတဲ့ နေရာတွေကနေ ဖြတ်သန်း လာခဲ့
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -https://www.bbc.com/burmese/bbc_burmese_radio/liveradio-----ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j-----ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ
လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။
ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။
ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။
လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့
Satellite Thaicom 6
Orbital position 78.5° East
Frequency 12687MHz
Polarisation Vertical
Symbol rate 30.000Msym/s
FEC 5/6Modulation DVB-S
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
-
- သမ္မတ ထရမ့်ဟာ အစ္စရေးရဲ့ လက်ဘနွန် အရေး ကိုင်တွယ်ပုံကို မကျေနပ်ဘူးလို့ ပြောပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အနေနဲ့ ပိုမိုတာဝန်ယူဖို့ လိုတယ်လို့ ဆိုပါတယ်။ - အမေရိကန်နဲ့ သဘောတူညီချက် ရရေးကိစ္စမှာ လက်ဘနွန်စစ်ပွဲ အဆုံးသတ်ရေးက အရေးအကြီးဆုံးဘဲလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြော။ - တရုတ်ရဲ့ လက်လီအရောင်းဟာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားပြီး မနှစ်ကထက် ခြောက်ရာခိုင်နှုန်း ကျဆင်းသွားရတာဟာ ကားနဲ့ အိမ်သုံးပစ္စည်းလို့ ကြီးကြီးမားမား ပစ္စည်းအဝယ်သိတ်မလိုက်တော့တာကြောင့် ဖြစ်။ - အိန္ဒိယမှာ ချောင်းဆိုးပျောက်ဆေးတွေကို ဆရာဝန်ဆေးစာမပါဘဲ ရောင်းချခြင်းမပြုဖို့ ဖက်ဒရယ်အစိုးရက တားမြစ်။- အိန္ဒိယ အနုပညာကျောင်းသုံးစာအုပ်မှာ ကြေးခတ်အမျိုးသမီး ရုပ်ထု ရင်ဘတ်ကို အနက်ရောင်အရိပ်နဲ့ ဖုံးပြီး ထုတ်ဝေခဲ့ပြီး ဒါဟာ ရုပ်ထုပုံကို “ရုပ်ပျက်ဆင်းပျက်” ဖြစ်စေခဲ့တယ်လို့ သမိုင်းပညာရှင်တွေက ထောက်ပြခဲ့တာကြောင့်ဆင်ဆာမဲ့ ဗားရှင်းကို ပြန်ထုတ်သွားမယ်လို့ အေဂျင်စီက ပြော။- ဗီယက်နမ်မှာ ကြောင်ခိုးဂိုဏ်းအဖွဲ့ဝင် တော်တော်များများကို ရဲက ဖမ်းခဲ့ပြီးနောက် ဒါဇင်နဲ့ချီတဲ့ ကြောင်ပိုင်ရှင်တွေထံ သူတို့ရဲ့ တိရစ္ဆာန်လေးတွေကို ပြန်ပေး။
- တူနီးရှားအသင်း ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ဆွီဒင်ကို ငါးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆာဘရီ လာမိုချီ ရာထူးမှ ထုတ်ပယ်ခံခဲ့ရ။- ကမ္ဘာဖလား ဘောလုံးပွဲအတွက် အမေရိကန်ရောက်နေတဲ့ အီရန် အသင်းဟာ လော့စ်အိန်ဂျလိစ်မြို့မှာ နယူးဇီလန်နဲ့ အဖွင့်ပွဲစဉ်အပြီးမက္ကဆီကိုက သူတို့အခြေစိုက်စခန်းကို ပြန်သွားဖို့ အမိန့်ထုတ်ခံထားရကြောင်း အီရန်နည်းပြက ပြောတဲ့ အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -https://bbc.in/2TSNLYZ-----ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
-
- စစ်အဆုံးသတ်အောင် မူဘောင်တွေ အကောင်အထည်ဖော်ဖို့ သဘောတူညီမှုရသွားပြီလို့ အမေရိကန်နဲ့ အီရန်တို့ ကြေငြာ - လက်ဘနွန်မှာတော့ အမေရိကန်နဲ့ အီရန်ကြား သဘောတူညီချက်ကြောင့် အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးစစ်ပွဲကို ရပ်တန့်။ - ယူကရိန်းမှာ ကိဗ်မြို့က Orthodox ဘုန်းတော်ကြီးကျောင်း Pechersk Lavra ကို ရုရှားက တိုက်ခိုက်ခဲ့တဲ့အပေါ် သမ္မတ Zelensky က ရှုတ်ချ။ - ပါကစ္စတန် အုပ်ချုပ်တဲ့ ကတ်ရှမီးယားမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ရဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူ ၂ ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရ။- နော်ဝေမှာ အိမ်ရှေ့မင်းသားရဲ့ ဇနီးဘက်ကပါတဲ့ သား မာရစ်ဘောဟေဘီဟာ မုဒိမ်းမှုနဲ့ အပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ် လေးနှစ် ချမှတ်ခံရ။- တောင်ကိုရီးယားမှာ ၁၉၈၀ ဒီမိုကရေစီ ဆန္ဒပြမှုအတွင်း လူအယောက် ၁၆၀ ကျော်ကို စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ ဆန္ဒပြမှု နှစ်ပတ်လည်နေ့မှာ Tank Day လို့ခေါ်တဲ့ ပြန်သုံးလို့ရတဲ့ ခွက်တွေကို အရောင်းမြှင့်တင်ရေး အတွက် ဖြန့်ခဲ့တာကြောင့် Starbucks ဝေဖန်ခံနေရတဲ့ အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -https://bbc.in/2TSNLYZ-----ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
-
- ဆွစ်ဇာလန်မှာ လူဦးရေ ကန့်သတ်ရေးအဆိုကို ဆွစ်ဇာလန်ပြည်သူတွေက မဲခွဲကန့်ကွက်- တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကလေးမြို့က ရာဇဂြိုဟ်ရွာအပါအဝင် နေရာတချို့ကို စစ်တပ် ပြန်သိမ်းယူ- ပြည်တွင်းမှာရှိတဲ့ စက်ရုံတွေအတွက် ကုန်ကြမ်းတင်သွင်းခွင့် ကန့်သတ်ချက်တွေကြောင့် ထုတ်လုပ်မှုအပိုင်းမှာ လိုအပ်ချက်နဲ့ ကြန့်ကြာမှုတွေ ကြုံနေရ- ရပ်ကွက်ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်ခဲ့ကြပေမဲ့ ပြည်သူ အများစုမသိခဲ့ကြ- ဘေရွတ်မြို့က ဟက်ဇ်ဘိုလာ ကွပ်ကဲရေးစခန်းတစ်ခုကို အစ္စရေး လေကြောင်းကနေတိုက်ခိုက်- အဂတိမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဘင်္ဂလားဒေ့ရှ် ရဲချုပ်ဟောင်းကို ဒူဘိုင်းမှာ ဖမ်းဆီးမိ- ဖိလစ်ပိုင်မှာ အခုသီတင်းပတ်အစောပိုင်း အားပြင်း ငလျင်ကြီးကြောင့် ပင်လယ်အောက်ခြေကြမ်းပြင် နှစ်မီတာလောက်အထိ မြင့်တက်ခဲ့
-
- အီရန်နဲ့ အမေရိကန်နဲ့ အီရန်အကြား သဘောတူချက်တစ်ခု လာမယ့် ၂၄ နာရီအတွင်း အပြီးသတ်ရေးဆွဲနိုင်မယ်လို့ မျှော်လင့်ကြောင်း ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်ပြော- ကွယ်လွန်သူ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အာလီ ခါမေနီရဲ့ စျာပနကို လာမယ့်လမှာ ကျင်းပမယ်- ဝါရှင်တန်မြို့ Kennedy Center အဆောက်အအုံ ရဲ့ မျက်နှာစာကနေ သမ္မတ ထရမ့်ရဲ့ အမည် ဖြုတ်ချခံရ- အသွင်ပြောင်း အစိုးရအဖွဲ့ခေါင်းဆောင် တရုတ်နိုင်ငံကို လေးရက်ကြာ သွားရောက်ဖို့ရှိ- လွှတ်တော်အမတ်တွေ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ရင် လွှတ်တော်ရုံးကို တင်ပြဖို့ လို- မွန်ပြည်နယ်မှာ အတွဲလိုက် ဆောင်းဘောက်ဖွင့်တာကို ပိတ်ပင်ဖို့အဆို ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်
-
- ရုရှားရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ဆက်နေ မနေ အဆုံးအဖြတ်ပေးမယ့် အာမေးနီးယား ရွေးကောက်ပွဲ - ရန်ကုန်မြို့မှာ အထပ်မြင့်တိုက်တွေ များလာပြီး မြေအောက်ရေ ထုတ်ယူသုံးစွဲမှုတွေ များလာတာမို့ မြေသားပြိုဆင်းမှု ဖြစ်မှာစိုးရိမ်နေကြ- ချောင်းဦးမြို့နယ်ထဲက ကျေးရွာတချို့မှာ ပညာရေးဝန်ထမ်းတွေအပါအဝင် လူတစ်ဒါဇင်ကျော်ကို ဒေသကာကွယ်ရေးတပ်တွေက ဖမ်းဆီး သတ်ဖြတ်လိုက်တယ်ဆိုတဲ့ လူမှုကွန်ရက် ရေးသားမှုတွေနဲ့ ပတ်သက်လို့ ချောင်းဦးအမတ်နဲ့ ဒေသခံတွေရဲ့ ပြောကြားချက်- ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်ကို မြန်မာဘောလုံးပရိသတ်တွေ ကြည့်နိုင်ဖို့ အကန့်အသတ်တွေ ရှိနေ- ပုပ်ရဟန်းမင်းရဲ့ မဒရစ်မြို့ လေဟာပြင် ဆုတောင်းပွဲ လူတစ်သန်းကျော်တက်ရောက်- အခုနှစ်အစောပိုင်းက ပြန်ပေးဆွဲသွားခဲ့သူ လူ လေးရာကျော်ကို နိုင်ဂျီးရီးယား ဘိုကို ဟာရမ် အစ္စလာမစ်အဖွဲ့ပြန်လွှတ်ပေး- လက်ဘနွန်တောင်ပိုင်း တိုင်ယာမြို့ အနီးတဝိုက် နေရာတွေကနေ လူတွေထွက်ခွာကြဖို့ အစ္စရေးစစ်တပ်ညွှန်ကြား
-
- လက်ဘနွန်ကို ထိုးစစ်ဆင်နေတဲ့ အစ္စရေးအနေနဲ့ အချုပ်အချာ အာဏာကို လေးစားဖို့ ဥရောပ သမဂ္ဂ ပြောကြား - အမေရိကန်က အီရန်ပစ်မှတ်တွေကို အသစ်တဖန် ပြန်လည် တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန် စစ်တပ်ရဲ့ လေတပ်စခန်းကို ပစ်မှတ်ထားတယ်လို့ အီရန် ပြော- ဘင်္ဂလားဒေ့ရှ်မှာ ခြောက်ပတ်အတွင်း လောင်စာဆီစျေး ထပ်မြှင့်လိုက်- မလေးရှားမှာ အသက် ၁၆ နှစ်အောက် လူငယ်တွေ လူမှုကွန်ယက်မှာ အကောင့်ဖွင့်မှုကို စတင်တားမြစ်- အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူဝါဒေသက တံငါရွာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူငါးဦး သေဆုံးခဲ့ပြီး အဲဒီပေါက်ကွဲမှုဟာ ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ခဲ့တဲ့ ဗုံး ဒါမှမဟုတ် မော်တာကြောင့်လို့ သံသယရှိကြောင်း ဒေသန္တရ ရဲပြောခွင့်ရက ပြောလိုက်တဲ့ အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -https://bbc.in/2TSNLYZ-----ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
- Laat meer zien