Afleveringen
-
- ဆွစ်ဇာလန်မှာ လူဦးရေ ကန့်သတ်ရေးအဆိုကို ဆွစ်ဇာလန်ပြည်သူတွေက မဲခွဲကန့်ကွက်- တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကလေးမြို့က ရာဇဂြိုဟ်ရွာအပါအဝင် နေရာတချို့ကို စစ်တပ် ပြန်သိမ်းယူ- ပြည်တွင်းမှာရှိတဲ့ စက်ရုံတွေအတွက် ကုန်ကြမ်းတင်သွင်းခွင့် ကန့်သတ်ချက်တွေကြောင့် ထုတ်လုပ်မှုအပိုင်းမှာ လိုအပ်ချက်နဲ့ ကြန့်ကြာမှုတွေ ကြုံနေရ- ရပ်ကွက်ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်ခဲ့ကြပေမဲ့ ပြည်သူ အများစုမသိခဲ့ကြ- ဘေရွတ်မြို့က ဟက်ဇ်ဘိုလာ ကွပ်ကဲရေးစခန်းတစ်ခုကို အစ္စရေး လေကြောင်းကနေတိုက်ခိုက်- အဂတိမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဘင်္ဂလားဒေ့ရှ် ရဲချုပ်ဟောင်းကို ဒူဘိုင်းမှာ ဖမ်းဆီးမိ- ဖိလစ်ပိုင်မှာ အခုသီတင်းပတ်အစောပိုင်း အားပြင်း ငလျင်ကြီးကြောင့် ပင်လယ်အောက်ခြေကြမ်းပြင် နှစ်မီတာလောက်အထိ မြင့်တက်ခဲ့
-
- အီရန်နဲ့ အမေရိကန်နဲ့ အီရန်အကြား သဘောတူချက်တစ်ခု လာမယ့် ၂၄ နာရီအတွင်း အပြီးသတ်ရေးဆွဲနိုင်မယ်လို့ မျှော်လင့်ကြောင်း ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်ပြော- ကွယ်လွန်သူ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အာလီ ခါမေနီရဲ့ စျာပနကို လာမယ့်လမှာ ကျင်းပမယ်- ဝါရှင်တန်မြို့ Kennedy Center အဆောက်အအုံ ရဲ့ မျက်နှာစာကနေ သမ္မတ ထရမ့်ရဲ့ အမည် ဖြုတ်ချခံရ- အသွင်ပြောင်း အစိုးရအဖွဲ့ခေါင်းဆောင် တရုတ်နိုင်ငံကို လေးရက်ကြာ သွားရောက်ဖို့ရှိ- လွှတ်တော်အမတ်တွေ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ရင် လွှတ်တော်ရုံးကို တင်ပြဖို့ လို- မွန်ပြည်နယ်မှာ အတွဲလိုက် ဆောင်းဘောက်ဖွင့်တာကို ပိတ်ပင်ဖို့အဆို ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်
-
Zijn er afleveringen die ontbreken?
-
- ရုရှားရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ဆက်နေ မနေ အဆုံးအဖြတ်ပေးမယ့် အာမေးနီးယား ရွေးကောက်ပွဲ - ရန်ကုန်မြို့မှာ အထပ်မြင့်တိုက်တွေ များလာပြီး မြေအောက်ရေ ထုတ်ယူသုံးစွဲမှုတွေ များလာတာမို့ မြေသားပြိုဆင်းမှု ဖြစ်မှာစိုးရိမ်နေကြ- ချောင်းဦးမြို့နယ်ထဲက ကျေးရွာတချို့မှာ ပညာရေးဝန်ထမ်းတွေအပါအဝင် လူတစ်ဒါဇင်ကျော်ကို ဒေသကာကွယ်ရေးတပ်တွေက ဖမ်းဆီး သတ်ဖြတ်လိုက်တယ်ဆိုတဲ့ လူမှုကွန်ရက် ရေးသားမှုတွေနဲ့ ပတ်သက်လို့ ချောင်းဦးအမတ်နဲ့ ဒေသခံတွေရဲ့ ပြောကြားချက်- ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်ကို မြန်မာဘောလုံးပရိသတ်တွေ ကြည့်နိုင်ဖို့ အကန့်အသတ်တွေ ရှိနေ- ပုပ်ရဟန်းမင်းရဲ့ မဒရစ်မြို့ လေဟာပြင် ဆုတောင်းပွဲ လူတစ်သန်းကျော်တက်ရောက်- အခုနှစ်အစောပိုင်းက ပြန်ပေးဆွဲသွားခဲ့သူ လူ လေးရာကျော်ကို နိုင်ဂျီးရီးယား ဘိုကို ဟာရမ် အစ္စလာမစ်အဖွဲ့ပြန်လွှတ်ပေး- လက်ဘနွန်တောင်ပိုင်း တိုင်ယာမြို့ အနီးတဝိုက် နေရာတွေကနေ လူတွေထွက်ခွာကြဖို့ အစ္စရေးစစ်တပ်ညွှန်ကြား
-
- လက်ဘနွန်ကို ထိုးစစ်ဆင်နေတဲ့ အစ္စရေးအနေနဲ့ အချုပ်အချာ အာဏာကို လေးစားဖို့ ဥရောပ သမဂ္ဂ ပြောကြား - အမေရိကန်က အီရန်ပစ်မှတ်တွေကို အသစ်တဖန် ပြန်လည် တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန် စစ်တပ်ရဲ့ လေတပ်စခန်းကို ပစ်မှတ်ထားတယ်လို့ အီရန် ပြော- ဘင်္ဂလားဒေ့ရှ်မှာ ခြောက်ပတ်အတွင်း လောင်စာဆီစျေး ထပ်မြှင့်လိုက်- မလေးရှားမှာ အသက် ၁၆ နှစ်အောက် လူငယ်တွေ လူမှုကွန်ယက်မှာ အကောင့်ဖွင့်မှုကို စတင်တားမြစ်- အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူဝါဒေသက တံငါရွာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူငါးဦး သေဆုံးခဲ့ပြီး အဲဒီပေါက်ကွဲမှုဟာ ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ခဲ့တဲ့ ဗုံး ဒါမှမဟုတ် မော်တာကြောင့်လို့ သံသယရှိကြောင်း ဒေသန္တရ ရဲပြောခွင့်ရက ပြောလိုက်တဲ့ အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -https://bbc.in/2TSNLYZ-----ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
-
- ဥရောပအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ စစ်ရေးကတိအပေါ် နေတိုးအဖွဲ့ဝင် နိုင်ငံတွေ သုံးသပ်နေ- လူဦးရေထူထပ်တဲ့ ရန်ကုန်လို မြို့ကြီးတွေ ကြုံလာနိုင်တဲ့ ငလျင်အန္တရာယ်- အယ်လ်နီညိုကြောင့် မြန်မာ့စိုက်ပျိုးရေးကို ဘယ်လို ထိခိုက်မှု ရှိနိုင်မလဲ- ရှမ်းပြည်နယ် အပါအဝင် နိုင်ငံတဝန်း စလော့ဂိမ်းလို လောင်းကစားတွေကြောင့် ဖြစ်လာနေတဲ့ ဆိုးကျိုး- ဒီကနေ့ ကမ္ဘာ့အပူဆုံးမြို့ ၁၀၀ ထဲမှာ အိန္ဒိယက မြို့ ၉၇ မြို့ ပါ- အဂတိလိုက်စားမှုနဲ့ အကျဉ်းကျနေတဲ့ ဗီယက်နမ် အိမ်ခြံမြေ သူဌေးမကြီးရဲ့ လက်ပွေ့အိတ်နှစ်လုံး ဒေါ်လာ ၅ သိန်းနဲ့ လေလံတင်ရောင်းချ
-
- လက်နက်ကိုင်တွေ ထိန်းချုပ်ထားရာ ကွန်ဂိုအရှေ့ပိုင်းမှာ အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် ပထမဆုံး လူသေဆုံးမှု ရှိခဲ့- ၂၀၂၁ ခုနှစ် နောက်ပိုင်း ကျောင်းပညာရေး ပြတ်တောက်သွားခဲ့တဲ့ မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေကို အဆင့်သတ်မှတ် စမ်းသပ်ချက်နဲ့ ကျောင်းပြန်တက်ခွင့်ပေးမယ်- စစ်မှုထမ်းဖို့ဆိုပြီး နေအိမ်တွင်းကနေတောင် အတင်းအကျပ် ခေါ်ဆောင်ခံရမှုတွေ ရှိနေ- မွန်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ အခုရက်ပိုင်းအတွင်း အရပ်သား သတ်ဖြတ်ခံရမှုတွေ ရှိနေ- ဂါဇာဒေသထဲ အထောက်အပံ့ ပေးပို့မယ့် သင်္ဘောတွေပေါ်က ထိန်းသိမ်းထားခဲ့သူတွေကို နေရပ်နိုင်ငံပြန်ဖို့ အစ္စရေးလုပ်ဆောင်နေ- ICC အလိုရှိနေတဲ့ ဖိလစ်ပိုင် ဆီးနိတ်လွှတ်တော်အမတ်ကို ဖမ်းဆီးဖို့ ဖိလစ်ပိုင် တရားရေးဌာနက ညွှန်ကြားလိုက်
- Laat meer zien